သရက်မြို့နယ် ထုံးတောင်ကျေးရွာ၌ မိုးပဲတီစိမ်း အကွက်ကျယ် စံကွက်(၀.၁၀)ဧက ရိတ်သိမ်းပွဲ ဆောင်ရွက်

သရက် ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ နယ်ထုံးတောင်အုပ်စု၊ ထုံးတောင်ကျေးရွာ၌ မိုးပဲတီစိမ်းအကွက်ကျယ် စံကွက် (၀.၁၀) ဧက ရိတ်သိမ်းပွဲဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉) နာရီက ကွင်းအမှတ် (၇၃) ဦးပိုင် (၁၀၄)၊ တောင်သူ ဦးမင်းဇော်၏ ယာမြေ (၅.၀၀) ဧကတွင် မိုးပဲတီစိမ်း (ရေဆင်း-၁၄) မျိုးသန့်စိုက်ခင်း၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် စိုက်ပျိုးရေး၊ မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ယင်းနောက် စံကွက်ရိတ်သိမ်းရာ (၀.၁၀) ဧက စံကွက်၌ (၁.၆၅) တင်း ထွက်ရှိခဲ့ရာ တစ်ဧကအထွက်နှုန်း (၁၆.၅၀) တင်း ထွက်ရှိခဲ့ကြေင်း သိရသည်။ စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတင့်နေအောင်၏ ပြောကြားချက်အရ သရက်မြို့နယ်အတွင်း မိုးပဲတီစိမ်း (၁၃၁၃၀) ဧကစိုက်ပျိုးထားရှိပြီး ယခင်နှစ်က တစ်ဧက ပျမ်းမျှအထွက် (၉.၅၅) တင်းရရှိခဲ့ပြီး ယခုနှစ်တွင် မိုးကောင်း၍ ပဲတီစိမ်း အထွက်ပိုမိုထွက်ရှိခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)