ရွှေဘို ဇူလိုင် ၂၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က အမှာစကားပြောကြားရာ ဗဟုသုတများစွာပေးစွမ်းနိုင်သည့် စာကြည့်တိုက်များ စနစ်တကျလည်ပတ်ရန်အတွက် စာကြည့်တိုက်မှူးများသည် အဓိကအရေးပါလှကြောင်း၊ သင်တန်းသား/သူများအနေဖြင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းမှ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးလိုက်သည့် ပညာရပ်များကို လက်တွေ့အသုံးချ၍ မိမိတို့၏ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ကြရန်ပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ရာ သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြောကြားကာ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါ အခြေခံစာကြည့်တိုက် ပညာသင်တန်းကို ဇူလိုင် ၂၄ ရက်မှ ၂၈ ရက်ထိ စာကြည့်တိုက်မိတ်ဆက်၊ စာစု/စာပြုလုပ်ငန်း၊ မျိုးတူစုလုပ်ငန်း၊ မှတ်သားမှုစနစ်၊ ထားသိုမှု/ထိန်းသိမ်းမှုစနစ်၊ ကတ်တလောက်လုပ်ငန်း၊ စာငှားလုပ်ငန်း စသည့်ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)