ကြံခင်းမြို့နယ်ရုံး လူထုအ​ခြေပြုဗဟိုဌာနတွင် Fitness Dance သင်းတန်းဖွင့်လှစ်

ကြံခင်း ဧပြီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၈ နာရီအချိန်က အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်ပူးပေါင်း၍ Fitness Dance သင်တန်းဖွင့်လှစ်ခဲ့သည်။

အခမ်းအနားကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သိမ့်သိမ့်နွေးက သင်တန်းပူးပေါင်းဖွင့်လှစ်ပေးရခြင်း ဖြင့် မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ပြည့်စုံစေရန်၊ နွေရာသီကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကိုယ်ခန္ဓာကျန်းမာရေးအတွက် ကျန်းမာရေးလိုက်စားကြသူများအတွက် သင့်တော်သော အားကစားနည်းတစ်ရပ်ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း ဂရုတစ်စိုက် သင်ယူကြရန်လိုအပ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာ ဦးနောင်နောင် (အ.ထ.က-၂ ကာယနည်းပြ)က Fitness Dance အကနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကို ဧပြီ ၂၃ ရက်နေ့မှ ဧပြီ ၃၀ ရက်နေ့အထိ ကာလတို(အခမဲ့)သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)