ဘိုကလေး ဧပြီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ လူစည်ကားရာနေရာများတွင် ယနေ့နံနက် (၈) နာရီ အချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းကာ အပူဒဏ်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ပြည်သူများသို့ ဖြန့်ဝေ အသိပညာပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်၌ သတိပြုရမည့် အပူဒဏ်အန္တရာယ်များ၊ အပူဒဏ်ကြောင့် ဖြစ်ပွားခံစားရတတ်သည့် ရောဂါလက္ခများ၊ အပူဒဏ်ကြောင့် သတိလစ်သည့်လူနာအား ရှေးဦးပြုစုနိုင်သည့် နည်းလမ်းများ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် အပူဒဏ်ကာကွယ်ရေးနှိုးဆော်ချက်များအား ပြည့်စုံစွာထည့်သွင်းအသိပညာပေးထားကြောင်း သိရသည်။
ဘိုကလေး (ပြန်/ဆက်)