ကျွန်းလှမြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိ

ကျွန်းလှ ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးဘိုးဘွားများအား မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ အပတ်စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

 “ကျွန်းလှမြို့နယ်အတွင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်များကို ရောဂါဘယကင်းဝေးပြီး ကျန်းမာစေရန်အတွက် သွေးပေါင်ချိန်ခြင်း၊ သန္ဓေသားအနေအထား မှန်မမှန် စစ်ဆေးပေးခြင်းနဲ့ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သက်ကြီးဘိုးဘွားများအား သွေးပေါင်ချိန်ခြင်း၊ သွေးချိုဆီးချိုစစ်ဆေးပေးခြင်း စတဲ့ကျန်းမာရေးစစ်ဆေးပေးခြင်းများကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက‌ပြောသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများထို့းနှံပေးခြင်း၊ မွေးစမှ နှစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ