တံတားဦးမြို့နယ် စကားအင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌  လူယ်စကားဝိုင်းကျင်းပ

တံတားဦး စက်တင်ဘာ ၂၂

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာ စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံကြွယ်ဝလာစေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးတို့အတွက်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၊ စကားအင်းကျေးရွာတွင် ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် စကားအင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာဝေက ကျောင်းသား ၊ ကျောင်းသူများ အသိပညာရရှိစေရေးအတွက် လူငယ်များနှင့် ပတ်သက်သည့် ဗဟုသုတရဖွယ် အကြောင်းအရာများကို ဟောပြောပြီး  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က ကျောင်းသား၊  ကျောင်းသူများအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့် ပြည့်စုံစေရန်နှင့် စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန်၊ လိမ္မာယဉ်ကျေးစွာ ပြောဆိုဆက်ဆံ တတ်စေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး လူငယ်စကားဝိုင်း  ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က Moderator အဖြစ်ဆောင်ရွက်ပြီး စကားအင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ) Grade -9 မှ ကျောင်းသား မောင်ယံလင်းထက်ကျော်က လူငယ်နှင့်စာဖတ်ခြင်း ဝါသနာခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade -8 မှ ကျောင်းသူ မသူဇင်ဇင်စိုးက လူငယ်နှင့်နိုင်ငံ့အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့်လည်းကောင်း၊  Grade -10 မှ ကျောင်းသူ မနန်းစန္ဒကူးမိုးက ပညာခေတ်မှာပညာရှာခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 11  ကျောင်းသူ မရတနာဖြိုးက လူငယ်နှင့်စာပေ ခေါင်းစဉ်ဖြင့်၎င်း အသီးသီးဆွေးနွေးခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိနှင့် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)