ချမ်းမြသာစည်မြို့နယ် အမှတ်(၂)မူလွန်ကျောင်းတွင် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

ချမ်းမြသာစည် စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်ကွင်းဆင်းပြီး နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်၍ စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

နယ်လှည့်စာကြည့်တိုက် ကွင်းဆင်း‌ဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်၊ စာဖတ်ခြင်း အကျိုးကျေးဇူးများသိရှိစေရန်၊   စာဖတ်ခြင်းဖြင့် အကောင်းဆိုးအမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သောသူများဖြစ်စေရန်၊  စာပေ၏တန်ဖိုးကို သိရှိစေရန်၊ အားလပ်ချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်တို့ကို ရည်ရွယ်ပြီး သုတ/ရသစာအုပ်များ စုံလင်စွာဖြင့် အခမဲ့ငှားရမ်း ပေးခဲ့ခြင်းဖြစ်သည်။ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် တစ်ပတ်လျှင်တစ်ကြိမ်  အခြေခံပညာ ကျောင်းများသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျော်စွာသိန်း(မြို့နယ်)