ပေါက် စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပေါက်ပင်ခန်းမတွင် မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကိုယမန်နေ့ ရက်နေ့နံနက် ၁၀နာရီက ကျင်းပပြုလုပ်သည်။
အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနေဇော်က အဖွင့်အမှာစကားပြောကြားပြီး၊ အဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးတင်ဝင်းအောင်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ရည်ရွယ်ချက်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများအား အသိပညာပေးဆွေးနွေးခြင်း၊ အဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က အဂတိလိုက်စားမှုအမျိုးအစားများ၊အဖွဲ့၏ လုပ်ငန်းတာဝန်များအား အသိပညာပေးဆွေးနွေးခြင်း၊ အဖွဲ့ဝင် မြို့နယ်အခွန်ဦးစီးဌာနဦးစီးမှူး ဦးမြင့်နိုင်က အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်များအား အသီးသီး ပညာပေးဆွေးနွေးခဲ့ကြသည်။ အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ပေါက်မြို့နယ်ရဲတပ်ဖွဲ့က အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)