စလင်း စက်တင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းမှ စျေးမရပ်ကွက်ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစားသုံးနိုင်ကြစေရန်ရည်ရွယ်၍ စျေးနှုန်းချိုသာစွာဖြင့် ကာလပေါက်စျေး၏ ထက်ဝက်လျှော့ချ၍ မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း စလင်းမြို့ဆန်စက်လုပ်ငန်းရှင်များမှ ယနေ့နံနက် ၆ နာရီခွဲအချိန်မှစတင်ကာ ရောင်းချပေးလျက်ရှိ ကြောင်းသိရသည်။
စလင်းမြို့နယ်တွင် မြန်မာနိုင်ငံဆန်ကုန်သည်များအသင်း မကွေးတိုင်းဒေသကြီးဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသန်းနိုင်ဦးဆောင် သော ဆန်စက်လုပ်ငန်းရှင်များနှင့် စားသုံးသူရေးရာဦးစီးဌာန ဦးဆန်းလင်းမောင်တို့မှဦးဆောင်၍ မြို့နယ်တွင်းရှိပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်ကာလ ပေါက်စျေးထက်ဝက်လျှော့ချ၍ စျေးနှုန်းချိုသာစွာဖြင့် ဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့်အိမ် ထောင်စု (၉၀၀) ကျော်စာအတွက် လူတစ်ဦးလျှင်(နှစ်ပြည်)နှုန်း ရောင်းချလျက်ရှိကြောင်းသိရသည်။
အဆိုပါ ရောင်းချရာသို့ ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသန်းနိုင်ဦးဆောင်သော ဆန်စက်လုပ်ငန်းရှင်များမှ ပြည်သူအများဝယ်ယူမှုကို အားပါးတရဝမ်းပမ်းသသာကြည့်ရှုခဲ့ကြပြီး စလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ကူညီမှုဖြင့်ရောင်းချပေးခဲ့ကြပြီးပြည်သူတို့၏လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေကြောင်းနှင့် တန်ဖိုးသင့်ဆန်များကို အပတ်စဥ်ရောင်းချပေးမည်ဖြစ်ကြောင်း ဆန်စက်လုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးသန်းနိုင်ထံမှ သိရှိရသည်။
(မောင်လွင်) စလင်း