တပ်ကုန်းမြို့နယ်အတွင်း မိုးစပါးလျာထားဧကထက် ၂၀၂၇ ဧက ကျော်လွန် စိုက်ပျိုးနိုင်

တပ်ကုန်း စက်တင်ဘာ ၂၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၌ ဒေသအတွင်း ဆန်စပါး ပိုလျှံရေးအတွက်  ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆည်၊ ကန်၊ တာတမံအလိုက် မိုးစပါးလျာထားအနေဖြင့် ဆင်သေဆည်တမံမှ ဧက ၁၀၂၈၉ ၊ မုန်ရေထိန်းတမံမှ ဧက ၄၂၀၀၊ ကင်းသာရေလှောင် တမံမှ ဧက ၅၀၄၊ ပွဲစားရေလွှဲဆည်မှ ဧက ၁၈၇၀၊ ညောင်ကိုင်းရေလွှဲဆည်မှ ဧက ၆၂၀၊ ပုဂ္ဂလိက ကန်များမှ ဧက ၁၁၈၄၅၊ အခြားနည်းမှ ဧက ၁၃၅၈နှင့် မိုးကောင်းသောက်မှ ဧက ၁၅၇၅၉၊ စုစု ပေါင်းဧက ၄၆၄၄၅  လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် မိုးစပါး ၄၆၄၄၅ ဧကလျာထားစိုက်ပျိုးခဲ့ရာ မိုးစပါးများကို ၄၈၄၇၂ ဧက စိုက်ပျိုးနိုင်သဖြင့် မိုးစပါးလျာထားဧကထက် ၂၀၂၇ဧက ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း၊ မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မိုးစပါးစိုက်ပျိုးရေများကို ရေပေးဝေရေး မြောင်းများအလိုက် အလှည့်ကျစနစ်ဖြင့် ပေးဝေလျက်ရှိကြောင်း သိရသည်။

တင်စိုးလွင်