ကျောင်းကုန်းမြို့၌ အခြေခံစားသောက်ကုန် ဆန်တစ်ပြည်လျှင်(၂၅၀၀)ကျပ်ဖြင့် ရောင်းချပေး

ကျောင်းကုန်း စက်တင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့၏ ဦးဆောင်မှုဖြင့် ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များနှင့်ပူးပေါင်း၍ နေ့နံနက် ၇ နာရီ ၃၀ အချိန်က အမှတ်(၁)ရပ်ကွက် "အောင်ရတနာ"ဆန်စက်၌ ပြည်သူများအား ဆန်တစ်ပြည် လျှင်(၂၅၀၀)ကျပ်ဖြင့် အိမ်ထောင်စု(၁)စုလျှင် ဆန် (၄)ပြည်နှူန်း ဆန်အိတ်(၇၀)ကို ရောင်းချပေးခဲ့သည်။

အဆိုပါဆန်ရောင်းချပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးဝင်း၊ အတွင်းရေးမှူး ရဲမှူးအောင်နိုင်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နေဝင်းနောင်၊ အဖွဲ့ဝင် (၂)ဦးတင်မောင်၊ အဖွဲ့ဝင်(၃)ဦးမင်းသူအောင် မြို့နယ်စားသုံးသူရေးဦးစီးဌာန မြို့နယ်တာ ဝန်ခံ ဦးတင်ကို၊ မြို့နယ်စည်ပင်သာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်စွာလင်းတို့ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)