(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး စုပေါင်းသွေးလှူဒါန်း

ပျဉ်းမနား စက်တင်ဘာ ၂၃

ပြည်ထောင်စုနယ်မြေ၊ ‌နေပြည်တော်၊ ပျဥ်းမနားမြို့၊ ရန်အောင်(၂)ရပ်ကွက်ရှိ ခုတင်-၂၀၀ ပြည်သူ့ဆေးရုံကြီးတွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်၊ ရဲမှူးကြီး သန်းအေး၊ ဒုတိယရဲမှူးကြီး မျိုးလွင်၊ ဒုတိယရဲမှူးကြီး ကျော်ကျော်ညွှန့်၊ ဒုတိယရဲမှူးကြီး ခင်ဇော်တို့တက်ရောက်ခဲ့ကြသည်။

သွေးလှူဒါန်းရာတွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်နှင့် ရဲတပ်ဖွဲ့ဝင် ၃၂ ဦးတို့မှ ခုတင်-၂၀၀ ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်းများက ဆေးစစ်ခြင်း၊ သွေးလက်ခံရယူခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် နေပြည်တော်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်နှင့်တာဝန်ရှိသူများက သွေးလှူဒါန်းသည့် ရဲတပ်ဖွဲ့ဝင်များအား ပဲနို့အချိုရည်၊ လစ်ပိုအချိုရည်၊ ကိတ်မုန့်၊ ရေသန့်၊ အားဆေး၊ ကြက်ဥ စသည့် အာဟာရဖြည့်စွက်စာများကို  ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)