မြန်အောင် စက်တင်ဘာ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အတွင်း ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် မြန်အောင်နေခြည်စျေး အတွင်း စားအုန်းဆီ သတ်မှတ်ရည်ညွှန်းစျေးနှုန်းဖြင့် ရောင်းချပေး လျက်ရှိသောဆိုင်များကို ယနေ့ နံနက်က ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။
နိုင်ငံတော်မှရောင်းချပေးသော စားသုံးဆီများကို ဒေသခံပြည်သူများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရန် သတ်မှတ်ရည်ညွှန်း စျေးဖြင့် ရောင်းချပေးလျက်ရှိသော ဆိုင်များအား မြန်အောင်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး အောင်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုးနှင့် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနတို့မှ တာဝန်ရှိသူများက မြန်အောင်နေခြည်စျေးအတွင်းနှင့် ဧရာဟင်္သာကုမ္ပဏီတို့မှ ဆီရောင်းချနေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်မှရောင်းချပေးသော စားအုန်းဆီများကို မြန်အောင်နေခြည်စျေးအတွင်းနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် စားသုံးသူ လက်ဝယ်အရောက် သတ်မှတ်ရည်ညွှန်းစျေးဖြင့် ရောင်းချပေးနိုင်ရန် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ စီမံဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)