မိုးညှင်းမြို့နယ် နန့်မွန်းမြို့မှနေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာတစ်လစာ၊ ပြောင်းရွှေ့စရိတ်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်

မိုးညှင်း စက်တင်ဘာ  ၂၅

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့မှ နေရပ်စွန့်ခွာပြည်သူများအား ဆန်ရိက္ခာ တစ်လစာ၊ ပြောင်းရွှေ့စရိတ်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက အဆိုပါထောက်ပံ့ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ နေရပ်စွန့်ခွာ ပြည်သူများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ခရိုင်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးလဖိုင်ဇော်ဂေါင်က နန့်မွန်းမြို့မှ နေရပ် စွန့်ခွာ ပြည်သူများအတွက် ဆန်ရိက္ခာ တစ်လစာ၊ ပြောင်းရွှေ့စရိတ်နှင့် (၁၆)မျိုးပါ ကယ်ဆယ်ရေး ပစ္စည်းများ၊ တာပေါ်လင်စ မိုးကာများ ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက နန့်မွန်းမြို့မှ နေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု (၁၃)စု၊ လူဦးရေ (၆၉)ဦးအတွက် ဆန်ရိက္ခာ တစ်လစာ ငွေကျပ်(၆၂၁၀၀၀)၊ ပြောင်းရွှေ့စရိတ် အတွက် ငွေကျပ်(၁၃)သိန်း၊ (၁၆)မျိုးပါ ကယ်ဆယ်ရေးပစ္စည်းပုံး (၁၃)ပုံးနှင့် (၆)ပေ၊ (၁၈)ပေရှိ တာပေါ်လင်စ မိုးကာတို့ကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း