မူဆယ်မြို့၌ “လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေးနည်းလမ်းများ”အသိပညာပေးစာစောင်များ မြေစိုက်ဘုတ်တွင် ပြသဆောင်ရွက်

မူဆယ် စက်တင်ဘာ ၂၅

ဒေသခံပြည်သူများကို လျှစ်စစ်ဓာတ်အားချွေတာသုံးစွဲရေးနှင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျ သုံးစွဲမှုမရှိလျှင် ဖြစ်တတ်သော လျှပ်စစ်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေးစာစောင်များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ပြည်ထောင်စုလမ်းမကြီးနှင့်ပိတောက်လမ်းဆုံရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ မြေစိုက်ဘုတ်တွင် ဒေသခံပြည်သူများကို အသိပညာပေးပြသဆောင်ရွက်ထားလျက် ရှိပါသည်။

အဆိုပါမြေစိုက်ဘုတ်တွင် ဒေသခံမိဘပြည်သူများကို အသိပညာပေးရန် မိမိတို့နေအိမ်တွင် လျှပ်စစ်ဓာတ်အားချွေတာအသုံးပြုနည်းများ၊လျှပ်စစ်ဓာတ်အားကို ထုတ်လွှတ်မှုနှင့်သုံးစွဲမှု မျှတစွာအသုံးပြုနည်းများ၊ လျှပ်စစ်ဓာတ်အားအဝင်ဗို့အားကို သတိမပြုဘဲ မိမိနေအိမ်တွင် လျှပ်စစ်ပစ္စည်းများကို စုံလင်စွာ တစ်ချိန်တည်းအသုံးပြုလျှင် ဖြစ်တတ်သော ဝါယာရှော့များ၊လျှပ်စစ်ဓာတ်အားကြောင့် ဖြစ်တတ်သော မီးဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ကာကွယ်နည်းများနှင့် မိမိတို့နေအိမ်တွင် သားသမီးငယ်များကို လျှပ်စစ်ပစ္စည်းများနှင့် ထိတွေ့ကိုင်တွယ်မှုတို့ကို ရှောင်ကြဉ်ရန် အသိပညာပေးရုပ်ပြများ၊ အသိပညာပေးစာစုများဖြင့် ပြည့်ပြည့်စုံစုံ ထည့်သွင်းပြသဆောင်ရွက်ထားပါသည်။ ထိုသို့ မူဆယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား အသိပညာပေးရန် မြေစိုက်ဘုတ်ပြသဆောင်ရွက်ထားရှိမှုကို ဈေးသွားဈေးလာ ဒေသခံပြည်သူများ၊ ရုံးတက်ရုံးဆင်း နိုင်ငံဝန်ထမ်းများ၊ လမ်းသွားလမ်းလာ ကာယလုပ်သားများနှင့် ကျောင်းသွားကျောင်းပြန် ကျောင်းသား/သူတို့က စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မူဆယ်ခရိုင်(ပြန်/ဆက်)