တပ်ကုန်းမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ လိုက်နာစေရန် ရှောင်တစ်ခင် စစ်ဆေးခြင်းများဆောင်ရွက်

တပ်ကုန်း စက်တင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်အား ပြည်သူများ ကျယ်ပြန့်စွာ လိုက်နာ စေရန်၊ ရှောင်တစ်ခင် စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက တပ်ကုန်း​မြို့အဝင် ရန်ကုန်-မန္တလေး ကားလမ်း၊ မိုင်တိုင် အမှတ် ၂၄၈/၅ တွင်  ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့ နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်ဆောက်လုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီး ဌာနတို့မှ ဝန်ထမ်းများနှင့်  မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်တွင် ပါဝင်သည့် မော်တော် ဆိုင်ကယ်စီးသူများ အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုပ်များ ဝတ်ဆင်မောင်းနှင်ခြင်း ရှိ / မရှိ၊ မော်တော်ယာဉ် မောင်းနှင်နေစဉ် လက်ကိုင်ဖုန်း အသုံးပြုခြင်း၊ အရက်သေစာ သောက် စား၍ မော်တော်ယာဉ် မောင်းနှင်ခြင်း၊ မော်တော်ယာဉ်မောင်းနှင့် လိုက်ပါစီးနင်းသူများ အသက် ကယ်ထိုင်ခုံခါးပတ် တပ်ဆင်ခြင်းနှင့် မော်တော်ယာဉ်မောင်းနှင်ရာတွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ပိုမောင်းနှင်ခြင်း ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး၊  သတ်မှတ်ချက်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ်အသုံးပြုသူများအား  ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းဆိုင်ရာ Quick Win အစီအမံ(၅)ရပ်နှင့် ကိုက်ညီသည့်   အရေးယူမှုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်