ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့(လားရှိုး)မှ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်အောင်မြင်ဘုရား၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

လားရှိုး စက်တင်ဘာ ၂၄

၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့၊ ရန်အောင်မြင်ဘုရား၌ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့(လားရှိုး) မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက စုပေါင်းသန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်ခဲ့သည်။

စုပေါင်းသန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်ပွဲတွင် လားရှိုးမြို့ပေါ် တာဝန်ကျ ရုံး/ရဲစခန်း၊ တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် (၂၅)ဦးနှင့် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(လားရှိုး)မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ အဖွဲ့ဝင် (၇၅)ဦး၊ စုစုပေါင်း (၁၀၀)ဦးတို့က ရန်အောင်မြင် ဘုရားဝင်း အတွင်း/ အပြင် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ခြင်း၊ သစ်ကိုင်းများ၊ အမှိုက်များ သစ်ရွက်ခြောက်များအား၊ ချုံနွယ်များ ဖယ်ရှားရှင်းလင်းခြင်း၊ ဘုရားရင်ပြင်ပေါ် တံမြက်စည်းလှည်းခြင်း ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုစုပေါင်းသန့်ရှင်းရေး လုပ်အားပေးပွဲသို့ လားရှိုးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေဠုသတိုးနှင့် ဇနီး ဒေါ်သန့်ဇင်အေး၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းသိန်း၊ ရန်အောင်မြင်ဘုရားဂေါပကနှင့် အဖွဲ့ဝင်များမှလှည့်လည် ကြည့်ရှုအားပေးကာ စုပေါင်းသန့်ရှင်းရေး လုပ်အားပေးဆောင်ရွက်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(လားရှိုး)၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များအား ကောက်ညှင်းပေါင်း၊ အကြော်၊ လက်ဖက်ရည်တို့ဖြင့် ဧည့်ခံခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ ပျော်ရွှင်စွာဖြင့် အတူတကွ စုပေါင်းသန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)