အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်

ကမာရွတ် စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်က အ.ထ.က(၃)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်ပညာ​ရေးမှူးဒေါက်တာစုစုလှိုင်က အဖွင့်အမှာစကားပြောကြားသည်။  ထို့နောက် မြို့နယ်စီမံအုပ်ချုပ်​​ရေးအဖွဲ့ဝင်ဦးစိုးရန်နိုင်က​ ကျောင်းသား​ကျောင်းသူများအတွက် ပညာသင်ယူနိုင်မည့်အခွင့်အလမ်းများကိုဟောပြော​ပေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦစီးအရာရှိ​ဒေါ်စိမ်းလဲ့က ပညာသင်အခွင့်အလမ်းများကြောင့်ရရှိလာနိုင်​သော အကျိုး​ကျေးဇူးများ၊ ဒုတိယမြို့နယ်ပညာရေးမှူးက ​ကျေးဇူးတင်စကား​ပြောကြားကြားခဲ့ပါသည်။ ထို့နောက်ကျောင်းအုပ်ဆရာမကြီး​ဒေါ်ဝင်းဝင်းမြင့်က ​ကျောင်းများတွင်​လျှောက်ထားနိုင်ရေးနှင့်သင်ကြားမည့်ပုံစံများကိုပြောကြားရာတွင် ကျောင်းသား/သူများအားလုံး အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင်ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့နှင့်ပူးပေါင်းဆောင်ရွက်၍  ၂၀၂၃-၂၀၂၄

ပညာသင်နှစ် ခရိုင်(၅၀)တွင် အခြေခံပညာအထက်တန်းကျောင်း(၅၁)ကျောင်း၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များ တွဲဖက်သင်ကြားနိုင်ရေးဆောင်ရွက်ခဲ့ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော သုတ၊ ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာသေ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)