မိုင်းပျဉ်းမြို့၌ အခြေခံလူမှုဝန်ထမ်းလုပ်ငန်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းပျဉ်း စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် အခြေခံလူမှုဝန်ထမ်းလုပ်ငန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မိုင်းပျဉ်းမြို့  လူမှုဝန်ထမ်းဦးစီးဌာန၊ ရုံးခန်းမတွင် ကျင်းခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်စိုးလှလှမိုးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စုစုရီက အခြေခံလူမှုဝန်ထမ်းလုပ်ငန်းသင်တန်း ဖွင့်လှစ်ရခြင်းအကြောင်း ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။ ထို့နောက် သင်တန်းတက်ရောက်လာသူများနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြပြီး သင်တန်းကို စတင်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခြေခံလူမှုဝန်ထမ်းလုပ်ငန်းသင်တန်းသို့ ဌာနဆိုင်ရာများမှ ဝန်ထမ်း(၂၀)ဦး တက်ရောက်ကြပြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းတာဝန်များဖြစ်သည့် လုပ်ငန်းခေါင်းစဉ် (၇)မျိုးဖြင့် လူမှုဝန်ထမ်းဦးစီးအရာရှိနှင့် ဌာနမှတာဝန်ရှိသူများက အလှည့်ကျဆွေးနွေး ဟောပြောခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၆−၉−၂၀၂၃ ရက်နေ့မှ ၂၇−၉−၂၀၂၃ ရက်နေ့အထိ) (၂)ရက်ကြာမြှင့်မည်ကြောင်း သတင်းရှိ ပါသည်။

နန်းသန္တာဦး