သတင်းများ

ကသာခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်
Sep 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်တွင် အိမ်ထောင်စု(၂၇၅၁)စု လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျောက်ဆည်-ငှက္ကတောင် လမ်းပိုင်းအားကတ္တရာထပ်ပိုးလွှာခင်းပေး
Sep 27,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အိမ်ထောင်စု(၂၇၅၁)စု လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက်  ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ကျောက်ဆည်-ငှက္ကတောင်လမ်းပိုင်းအား မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ကတ္တရာထပ်ပိုးလွှာခင်းပေးခဲ့ကြောင်း သိရသည်။
ဒက္ခိဏခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာပေဝါသနာရှင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Sep 27,2023
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာအောင်သင်း ရေးသားထားသည့် “ကျောင်းသားလူငယ်နှင့် အခြားဆောင်းပါးများ” စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။
သရက်ချောင်းမြို့နယ်၌ ကျောင်းသူ/သားများ ဗလငါးတန်ဖွံ့ဖြိုးရေးလူငယ်စကားဝိုင်းနှင့် ဓာတ်ပုံ၊ နံရံကပ်စာစောင်ပြပွဲကျင်းပ
Sep 27,2023
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသူ/သားလူငယ်လူရွယ်များ ဗလငါးတန်နှင့်ဘက်စုံဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းနှင့် ဓါတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အ.ထ.က- သရက်ချောင်း ပညာရတနာခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ဟုမ္မလင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တတိယအကြိမ် ချေးငွေပေးအပ်ပွဲကျင်းပ
Sep 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် စက်တင်ဘာ (၂၇)ရက်နေ့၊နံနက် (၁၁)အချိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တတိယအကြိမ် ချေးငွေပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ မြို့နယ်စီမံကိန်းကြီးကြပ်မှု ကော်မတီဝင်များနှင့် ချေးငွေလျှောက်ထားရယူသည့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နာဂဒေသ လဟယ်မြို့တွင် က‌လေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော
Sep 27,2023
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် လူမှု၀န်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ လူမှု၀န်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို  ယနေ့နံနက် (၁၀)နာရီအချိန် လဟယ်မြို့ အ.ထ.ကကျောင်း ချယ်ရီမြိုင်ခန်းမ၌ ကျင်းပသည်။
မလှိုင်မြို့နယ် နှောကန်တိုက်နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်နေရာ အစားထိုးရွေးချယ်ပွဲကျင်းပ
Sep 27,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်နှောကန်တိုက်နယ်တွင် လစ်လပ်လျက်ရှိသော သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ် ဆရာတော် (၁)ပါးနေရာ အစားထိုးရွေးချယ်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်သံဃနာယကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှ ဗန်းမော်မြို့၊ သိမ်တော်ကြီးဘုရားဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 27,2023
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦး ဦးစီး၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ သီးခြားတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုစုပေါင်း (၁၁၂)ဦးတို့သည် ၂၆-၉-၂၀၂၃ ရက်နေ့ နံနက်ပိုင်းက ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ သိမ်တော်ကြီးဘုရားဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ပါသည်။