ဒက္ခိဏခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်၌ စာပေဝါသနာရှင်များက စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် စက်တင်ဘာ ၂၇

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာအောင်သင်း ရေးသားထားသည့် ကျောင်းသားလူငယ်နှင့် အခြားဆောင်းပါးများစာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာ၊ စာရေးဆရာမများက ကျောင်းသားလူငယ်နှင့် အခြားဆောင်းပါးများစာအုပ်တွင် ပါဝင်သည့် အကြောင်းအရာအချက်အလက်များကို မိမိတို့၏ သဘောထားအမြင်များ၊ သုံးသပ်ချက်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)