ဗန်းမော် စက်တင်ဘာ ၂၇
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦး ဦးစီး၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ သီးခြားတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စုစုပေါင်း (၁၁၂)ဦးတို့သည် ၂၆-၉-၂၀၂၃ ရက်နေ့ နံနက်ပိုင်းက ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ သိမ်တော်ကြီးဘုရားဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများအား ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရဲနိုင်ဦးနှင့် ဗန်းမော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ လိုက်လံကြည့်ရှု အားပေးဆောင်ရွက်ခဲ့ကြပြီး ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့အနေဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ခရိုင်ပြန်/ဆက်