ဟုမ္မလင်း စက်တင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် စက်တင်ဘာ (၂၇)ရက်နေ့၊နံနက် (၁၁)အချိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တတိယအကြိမ် ချေးငွေပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ မြို့နယ်စီမံကိန်းကြီးကြပ်မှု ကော်မတီဝင်များနှင့် ချေးငွေလျှောက်ထားရယူသည့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးရဲဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဝင်များက စက်မှုလက်မှုလုပ်ငန်းရှင်များဖြစ်သည့် ဆုပရိဘောဂလုပ်ငန်း ကျပ်သိန်းပေါင်း (၅၀၀၀၀)၊ (UMA) ရေသန့်လုပ်ငန်း ကျပ်သိန်းပေါင်း (၆၀၀၀၀)၊ ငွေကြယ်စင် မုန့်မျိုးစုံထုတ်လုပ်ငန်း ကျပ်သိန်းပေါင်း (၈၀၀၀၀)လုပ်ငန်းရှင်များအတွက် စုစုပေါင်း ချေးငွေကျပ်သိန်းပေါင်း (၁၉၀၀၀၀)သိန်းကို အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ပထမအကြိမ် ကျပ်သိန်းပေါင်း (၆၇၅၀) ဒုတိယအကြိမ် ကျပ်သိန်း(၃၈၇၅)၊ ယခုအခါ တတိအကြိမ်ဖြင့် ကျပ်သိန်းပေါင်း (၁၉၀၀၀)ကျပ်နှင့် စုစုပေါင်း ကျပ်သိန်းပေါင်း ၁၂၅၂၅ အားမွေးမြူရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုလက်မှု လုပ်ငန်းရှင်များအား ထုတ်ချေပေးနိုင်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)