နာဂဒေသ လဟယ်မြို့တွင် က‌လေးသူငယ်အခွင့်အရေးများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော

လဟယ် စက်တင်ဘာ ၂၇   

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ လူမှု၀န်ထမ်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို  ယနေ့နံနက် (၁၀)နာရီအချိန် လဟယ်မြို့ အ.ထ.ကကျောင်း ချယ်ရီမြိုင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လဟယ်မြို့နယ် လူမှု၀န်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကိုင်၀မ်မှ ဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပါသည်။ ဆက်လက်ပြီး ကလေးသူငယ် အခွင့်အရေးများနှင့် ပတ်သက်ပြီး ဟောပြောရာတွင် ကလေးသူငယ်၏ အခွင့်အရေးများ၊ စရိတ်ထောက်ပံ့ခြင်း၊ ပညာရေးဆိုင်ရာအခွင့်အရေးများ၊ ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခြင်းနှင့် အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်း၊ မသန်စွမ်းကလေးသူငယ်များ အခွင့်အရေး၊ ကလေးသူငယ်များ၏ ကျင့်၀တ်စည်းကမ်းများနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောသည်။

ထို့နောက် တက်ရောက်လာကြသော ကျောင်းသား/သူများက သိလိုသည်များမေးမြန်းကြရာ လူမှု၀န်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကိုင်၀မ်မှ ပြန်လည်ရှင်းလင်းဆွေးနွေးပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။ အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ လူမှု၀န်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးကိုင်၀မ်နှင့် ရုံး၀န်ထမ်းများ၊ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်စန်းထွေးနှင့် ကျောင်းသားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်