သတင်းများ

မအီမြို့ ခြေတော်ရာကျေးရွာတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် အခြားကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်
Sep 28,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ လက်ပံကျေးရွာအုပ်စု၊ ခြေတော်ရာကျေးရွာ ဆေးထိုးစုရပ်၌ သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေးထိုးနှံခြင်း၊ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် အခြားကျန်းမာရေးစောင့်ရှောက်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အဆိုပါကျေးရွာ မူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စလင်းမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးသီတင်းပတ် အသိပညာပေးဟောပြောပွဲနှင့်ကျန်းမာရေးစစ်ဆေးခြင်းများ ပြုလုပ်
Sep 28,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျန်းမာရေးဦးစီးအရာရှိနှင့် ကျန်းမာရေးမှူးဆရာ၊ဆရာမများက အထက်တန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူများအား ကျောင်းကျန်းမာရေးသီတင်းပတ်ကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူကလေးများအား ကျန်းမာရေးစစ်ဆေးခြင်းကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစည်သူဆောင်တွင် ယမန်နေ့နံနက်(၉)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် မန္တလေးတိုင်းဒေသကြီး အားကစားဆပ်ကော်မတီတို့တွေ့ဆုံ၊ အမျိုးသမီးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေး
Sep 28,2023
မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်နှင့် မန္တလေးတိုင်းဒေသကြီးအားကစားဆပ်ကော်မတီတို့သည် ယမန်နေ့ညနေ ၅ နာရီက မန္တလေးမြို့ရှိ Hotel Queen ရှင်စောပုခန်းမတွင် တွေ့ဆုံကာ အမျိုးသမီးအားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။
အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းတွင် RC သုံးထပ် ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ
Sep 28,2023
မန္တလေး၊ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်း၊ "စိန်ရတနာ" ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရှိ အဆိုပါကျောင်းတွင်ပြုလုပ်ရာ တာဝန်ရှိသူများက မင်္ဂလာအချိန်တွင် သတ်မှတ်နေရာ အသီးသီး၌ ပန္နက်ရိုက်ပေးကြသည်။
နတ်မောက်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ
Sep 28,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းကြီးကြပ်မှုကော်မတီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက်၁၀နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များငှားရမ်းပေး
Sep 28,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ကျောင်းသား/သူများကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတရရှိစေရန်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များကို ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် စာအုပ်စာစောင်များကို ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား/သူများအား သုတ/ရသ စာအုပ် စာစောင်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
လောက်ကိုင်မြို့၌ ကိုးကန့်ရိုးရာလမုန့်စားပွဲတော်အကြို ပျော်ပွဲရွှင်ပွဲများ ကျင်းပ
Sep 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ကိုးကန့်လူမျိုးတို့၏ ရိုးရာပွဲတော်တစ်ခုဖြစ်သည့် စက်တင်ဘာလ၂၉ရက် လပြည့်နေ့တွင် ကျရောက်မည့် လမုန့်စားပွဲတော်ကို ကြိုဆိုသောအားဖြင့် လောက်ကိုင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ  ဟိန်းလီကုမ္မဏီအုပ်စု (Hanley Group)မှ ကျင်ဂျန်းဝင်းအတွင်းရှိ ကြယ်စငကွင်းပြင်တွင် တိုင်းရင်းသားရိုးရာအကအလှများ၊ Hanley Music Bandနှင့် Hanley Dance Studioတို့မှ သီဆိုကပြဖော်ဖြေမှုများ၊ ဈေးရောင်းပွဲတော်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူ ၈၇ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Sep 28,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်လတ်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။