Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Sep 28,2023
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များလိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်/ကျေးရွာများအရောက် လိုက်လံငှားရမ်းပေးနေလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အမှတ် ၁၄ အခြေခံပညာအထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ် မဲဒီးကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်မြို့နယ်တွင် အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 28,2023
ကချင်ပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အယ်နီညိုရာသီဥတု ဖြစ်ပေါ်မှုကြောင့် မွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ် နောင်တာလော ကျေးရွာ သာသနာ့ရက္ခိတ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ်တွင် ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေးထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်များဖွင့်လှစ်ရောင်းချ
Sep 28,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မင်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ကိုယ်တိုင်စိုက်ပျိုးမွေးမြူရေးထုတ်လုပ်ရောင်းဝယ်သူများမှ တန်ဖိုးသင့်တိုက်ရိုက်အရောင်းဆိုင်များမှ ယနေ့နံနက်(၇)နာရီက ရုံးရပ်မြောက်ရပ်ကွက် ဥယျာဉ်မှူးစာကြည့်တိုက်ရှေ့မြေကွက်လပ်၌ သက်သာသောဈေးနှုန်းများဖြင့် ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်၌ အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်၍ မွေးမြူရေးကဏ္ဍတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် အသိပညာပေးဟောပြောပွဲကျင်းပ
Sep 28,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်၍ မွေးမြူရေးကဏ္ဍတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၁၁နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပ၊ ဘားအံပညာ့ရိပ်သာအိမ်ရာဝန်း တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး
Sep 27,2023
အနာဂတ်လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန်နှင့်ပြည့်စုံ၍ ဘက်စုံဖွံ့ဖြိုး တိုးတက်ပြီး စကားဝိုင်းများတွင် ပါဝင်ဆွေးနွေးပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရေးသွင်းအားစု မတည်ချေးငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Sep 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သမဝါယမဦးစီးဌာနမှ ကျင်းပပြုလုပ်သော မိုးစပါးစိုက်ပျိုးတောင်သူများအတွက် မိုးစပါးစိုက်ပျိုးရေး(မြစိမ်းရောင်) သွင်းအားစုနှင့် စိုက်ပျိုးစရိတ် မတည်ချေးငှားထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က သရက်ချောင်းမြို့၊ အဆိုပါဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် ညောင်ရွေအခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Sep 27,2023
ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီးမန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ညောင်ရွေအခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် အယ်နီညိုနှင့် ပတ်သက်၍ မွေးမြူရေးပညာပေးဟောပြောပွဲကျင်းပ
Sep 27,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တီထွင်ပြင်ကျေးရွာတွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ အယ်နီညိုနှင့် ပတ်သက်၍ မွေးမြူရေးပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က ဝက်မွေးမြူရေးလုပ်ကိုင်နေသူ ဦးကျော်ဝင်း နေအိမ်တွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
8307
Page
8308
Page
8309
Page
8310
Current page
8311
Page
8312
Page
8313
Page
8314
Page
8315
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department