သတင်းများ

မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ (တစ်ဒသမသုံးပေခန့်) ဆက်လက်ရေကျော်ကျ
Sep 27,2023
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ဆည်၏အထက်ပိုင်း၌ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ဆဒ္ဒန်ဆည်ရေလှောင်တမံရေပိုလွှဲမှ(တစ်ဒသမသုံးပေခန့်) ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ပြည်နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ၏ ဘင်ခရာတီးဝိုင်းများ စွမ်းရည်ပြပြိုင်ပွဲနှင့် တက္ကသိုလ်ဝင်တန်း‌အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲများသို့ တက်ရောက်
Sep 27,2023
ကချင်ပြည်နယ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အခြေခံပညာကျောင်းများမှ ဘင်ခရာတီးဝိုင်းများ၏ စွမ်းရည်ပြပြိုင်ပွဲအား စက်တင်ဘာ ၂၆ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့၊ ပြည်နယ် ပြည်သူ့အားကစားကွင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးကြသည်။
လွိုင်လင်ဆေးရုံ အပျိုဆောင်(၃)ထပ် တည်ဆောက်ပြီးစီးမှုစစ်ဆေး
Sep 27,2023
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦးဦးစီးဌာန၊ အဆောက်အဦးအထူးအဖွဲ့(၁၂)မှ တာဝန်ယူဆောက်လုပ်လျက်ရှိသော လွိုင်လင်ဆေးရုံ အပျိုဆောင်(၃)ထပ်( ၂၂၃၂၀ စ/ပေ)ဆောက်လုပ်ပြီးစီးမှုကို ခရိုင်တည်ဆောက်ရေးလုပ်ငန်း အရည်အသွေးစစ်ဆေးရေးအဖွဲ့ဥက္ကဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များက ယနေ့နံနက်(၁၀)နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
မိုင်းငေါ့မြို့တွင် Mobile စနစ်ဖြင့် မြို့ပေါ်ရပ်ကွတ်များသို့ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Sep 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊‌ ကျောင်းသား၊ ကျောင်းသူများအား အလွယ်တကူ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ Mobile Library ကွင်းဆင်းသွားရောက်၍ စာအုပ်များငှားရမ်းပေးခဲ့သည်။
နတ်မောက်မြို့၌ ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်လျှော့ချသုံးစွဲရေး ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်
Sep 27,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်လျှော့ချသုံးစွဲနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
လွိုင်လင်မြို့နယ်၊ ဟိုခိုက်ကျေးရွာကော်မတီသို့ ဒေသနွားများပေးအပ်
Sep 27,2023
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ဦးစီးဌာနရုံး မှ လွိုင်လင်မြို့နယ် ဟိုခိုက်ကျေးရွာ ကော်မတီထံသို့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဖြန့်ဖြူးသည့် ဒေသနွား(နွားပြာစိမ်း) အမ (၁၀) ကောင်အား လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက အဆိုပါကျေးရွာ ယာယီနေရာတွင် ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းထွဋ် တက် ရောက်၍ အမှာစကားပြောကြားပြီး ဒေသနွားများကို ကျေးလက်နေ ပြည်သူများထံ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ထားဝယ်မြို့တွင်မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင်စာရင်းများနှင့် စပ်လျဉ်း၍ စိစစ်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 27,2023
မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက ပေးပို့တင်ပြလာသည့် သတ်မှတ်ပါတီဝင်စာရင်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့ ပူးပေါင်း၍ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဇေယျာသီရိမြို့နယ်၌ မြစိမ်းရောင်အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၄၈၅ သိန်း သတ္တမအကြိမ် ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကျင်းပ
Sep 27,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် ၄၈၅ သိန်း သတ္တမအကြိမ် ပြန်လည်ထုတ်ချေးခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ဇေယျာသီရိမြို့နယ် ရွာသစ်ကုန်းကျေးရွာ၌ ကျင်းပခဲ့သည်။