သတင်းများ

လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူ ၆၈၅ဦးအား ဇီဝဆိုင်ရာအချက်အလက်များ  ကောက်ယူပြီးစီး
Sep 27,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။
မိုင်းယန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Sep 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးနှင့် တရားဉပဒေစိုးမိုးရေးအတွက် မိုင်းလွေကျေးရွာအုပ်စု၊ နမ့်မုတ်ကျေးရွာနေပြည်သူများအား ယမန်နေ့နံနက် ၁၀ နာရီက ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ သီးနှံတာရှည်ခံနည်းပညာ လွှဲပြောင်းသင်တန်း ဖွင့်လှစ်
Sep 27,2023
စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြီး သီးနှံတာရှည်ခံ နည်းပညာလွှဲပြောင်းခြင်းနှင့် နည်းပညာအသုံးပြုနည်း သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက အဆိုပါရုံး Incubation Centre တွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မောင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မုံရွာမြို့ပေါ်ရှိ အညာမြေ ရှားစောင်းလက်ပတ်ချက်ဆေး လုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
နတ်မောက်မြို့ မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကျင်းပ
Sep 27,2023
မကွေးတိုင်းဒေသကြီး နတ်‌မောက်မြို့ မူလတန်းကြိုကျောင်းတွင် ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပါတီဝင်အင်အားစာရင်းများ စစ်ဆေးမှုခံယူနေသည့် မှတ်ပုံတင်ခွင့်ပြုပြီးသည့် နိုင်ငံရေးပါတီများမှ ပါတီတာဝန်ခံများနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ
Sep 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ပါတီဝင်အင်အားစာရင်းများ စစ်ဆေးမှုခံယူနေသည့် မှတ်ပုံတင်ခွင့်ပြုပြီးနိုင်ငံရေးပါတီ(၆)ပါတီမှ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ပါတီတာဝန်ခံများနှင့် ညှိနှိုင်းအစည်းအဝေးကို လားရှိုးမြို့၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့ ၁၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
လားရှိုးမြို့တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသထွက် ဖရဲသီးများ လာရောက်ရောင်းချရာ ဈေးကောင်းရလျက်ရှိ
Sep 27,2023
မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် စိုက်ပျိုးဖြစ်ထွန်းသော ဖရဲသီးများ လားရှိုးမြို့တွင် လာရောက်ရောင်းချလျက်ရှိနေကြပြီး ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဘိုးဘွားရိပ်သာများနှင့် ပရဟိတကျောင်းများသို့ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း
Sep 27,2023
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကာကွယ်စောင့်ရှောက် ရန်လိုအပ်သော ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအား စောင့်ရှောက်လျက်ရှိသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ရေရှည်တည်တံ့စေရေးအတွက် နိုင်ငံတော်ကိုယ်စား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့မှုများပေးနိုင်ရန်နှင့် တည်ထောင်ထားရှိသော ဂေဟာ၊ ရိပ်သာ၊ ကျောင်းများတွင် လက်ခံ စောင့်ရှောက်ထားသူများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ နည်းစနစ်ကျကျ စောင့်ရှောက်မှုများပေးနိုင်ရန်ရည်ရွယ်၍ မိမိတို့အစီအစဉ်ဖြင့် တည်ထောင်ဖွင့်လှစ်ထားသော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ မသန်စွမ်းဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီးဂေဟာများ၊ ကိုယ့်အားကိုယ့်ကိုးမူလတန်းကြိုကျောင်းများအား ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ပျဉ်းမနားမြို့နယ် အတွင်းရှိ ဘိုးဘွားရိပ်သာ များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
မိုင်းခတ်၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Sep 27,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ပလတ်စတစ်သုံးစွဲမှုလျော့ချ၍ ပလတ်စတစ်အစား ဖက်ရွက်များဖြင့် အစားထိုးအသုံးပြုတတ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက်(၇)နာရီအချိန်က မိုင်းခတ်မြို့မဈေးအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။