သတင်းများ

အင်းစိန်မြို့နယ်၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်အသိပညာပေး ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Sep 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ စာဖတ်ရှိန်မြင့်မားစေရန်၊ အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်၊ အတွေးအခေါ်များ မြင့်မားလာစေရန်နှင့် ဗလငါးတန်နှင့်ပြည့်ဝသည့် လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်အသိပညာပေး ဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အင်းစိန်မြို့နယ်၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ကျိုက်ထိုမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေပေးအပ်ပွဲကျင်းပ
Sep 26,2023
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရာဘာမှိုင်းရုံလုပ်ငန်းရှင်အား ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ပေါက်ခေါင်းမြို့နယ် ကျေးရွာနှစ်ရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ (၇၅၈) သိန်းထုတ်ချေးပေး
Sep 26,2023
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်အတွင်း ကျေးရွာများတွင် အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က ကင်မွန်းခြုံကျေးရွာနှင့် ဆင်ဖြူကန်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ
Sep 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းသား၊ ကျောင်းသူလူငယ်များ ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဗလငါးတန်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ "လူငယ်စကားဝိုင်း" ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က လှည်းကူးမြို့နယ်၊ ရဲမွန်တပ်မြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ပျဉ်းမနားမြို့နယ်တွင် ငရုပ်သီးဈေးကောင်းသဖြင့် ငရုပ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိ
Sep 26,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊  ကင်ပွန်းတန်းကျေးရွာတွင် ငရုပ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရောင်းချရာတွင် ဈေးကောင်းရရှိသဖြင့် ငရုပ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းဦးဆောင်၍ ၂၀၂၃-၂၀၂၄ ခုနှစ်၊စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃) ကျင်းပ
Sep 26,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ စက်တင်ဘာလ (၂၆) ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ခုနှစ်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၃) ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။
ဟင်္သာတမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုတိုးတက်စေရန် အစိုးရနည်းပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ
Sep 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊အစိုးရနည်းပညာ အထက်တန်းကျောင်း အစည်းအဝေး ခန်းမတွင် ယနေ့နံနက် ၉ နာရီက လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် "လူငယ်စကားဝိုင်း" ကို ကျင်းပခဲ့သည်။
ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး ဆောက်လုပ်နိုင်ရန် ပန္နက်တင်အခမ်းအနား ကျင်းပ
Sep 26,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အဆောက်အဦဆောက်လုပ်နိုင်ရန် ပန္နက်တင်ခြင်းအခမ်းအနားကို ယနေ့နံနက် (၈)နာရီအချိန်က   မြို့နယ်ပြည်သူ့ဆေးရုံအတွင်းရှိ  အဆိုပါအဆောက်အဦ  တည်ဆောက်မည့် မြေနေရာတွင် ကျင်းပခဲ့သည်။