သတင်းများ

ပုသိမ်မြို့၌ စိုက်ပျိုးမွေးမြူရေးထုတ်လုပ်မှု တိုးတက်မှုမြင့်မားရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Sep 27,2023
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ စိုက်ပျိုး မွေးမြူရေးထုတ်လုပ်မှု တိုးတက်မှုမြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
လားရှိုးမြို့ တွင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ဆင့်ပွားသင်တန်းဖွင့်လှစ်
Sep 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မိုးလုံလေလုံလေ့ကျင့်ရေးအားကစားရုံတွင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိနေကြောင်း သိရသည်။
ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် စူပါဘိုကာရှီ သဘာဝမြေဆွေး လက်တွေ့ပြုလုပ် ပြသသည့် သရုပ်ပြပွဲပြုလုပ်
Sep 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့ စိုက်ပျိုးရေးဦးစီးဌာနတွင် ယမန်နေ့ နေ့လယ်ပိုင်းက ဌာနဆိုင်ရာများနှင့် ဆောင်းသီးနှံစိုက် တောင်သူများအား မြေဆီလွှာ အဟာရ ဖြည့်တင်းပေးသည့် စူပါဘိုကာရှီမြေဆွေး လက်တွေ့ပြုလုပ်ပြသသည့် သရုပ်ပြပွဲ ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်၌ ကျေးရွာချင်းဆက် Box Culvert တံတားတစ်စင်း တည်ဆောက်ပြီးစီး၍ လမ်းပန်းဆက်သွယ်မှု အဆင်ပြေ
Sep 27,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ကျေးရွာချင်းဆက် Box Culvert တံတားတစ်စင်း တည်ဆောက်ပြီးစီး၍ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်မှု အဆင်ပြေလျက်ရှိကြောင်း ကျေးလက်လမ်းဦးစီးဌာနမှ သိရသည်။
မြဝတီမြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး
Sep 27,2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သော မိန်းကလေးများအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို အခြေခံပညာကျောင်းများအလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် အခြေခံပညာအထက်တန်းကျောင်းခွဲ (အောင်မြေရွှေဘုံ)တွင် ဆက်လက် ထိုးနှံပေးသည်။
ကြံခင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် "ဆေးလိပ်၊ ဆေးရွက်ကြီး တို့မလို စားရေရိက္ခာကိုသာလို" ခေါင်းစဉ်ဖြင့်  စာစီစာကုံးပြိုင်ပွဲ ကျင်းပ
Sep 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ ကူညီပံ့ပိုးမှုဖြင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး "ဆေးလိပ်၊ ဆေးရွက်ကြီးတို့မလို စားရေရိက္ခာကိုသာလို" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို  ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျောင်းစာသင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
န­မ့်စန်တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ
Sep 27,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၆နာရီ က နမ့်စန်ကျေးရွာအုပ်စု၊ ထင်းရှူးမြိုင်ကျေးရွာရှိ ELEVEN FUTSAL ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်း၌ မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချခြင်းဖြင့်  မိသားစု အပိုဝင်ငွေရရှိ
Sep 27,2023
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း အင်းကုန်းကျေးရွာမှ တောင်သူ ဦးဖိုးကောင်းထံက သိရသည်။