ဝမ်းတွင်း စက်တင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ ကျေးရွာချင်းဆက် Box Culvert တံတားတစ်စင်း တည်ဆောက်ပြီးစီး၍ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်မှု အဆင်ပြေလျက်ရှိကြောင်း ကျေးလက်လမ်းဦးစီးဌာနမှ သိရသည်။
ဝမ်းတွင်းမြို့နယ် ကျေးလက်လမ်းဦးစီးဌာနအနေဖြင့် တည်ဆောက်ပြီးစီးခဲ့သော Box Culvert တံတားသည် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ(၉.၅)သန်း အကုန်ကျခံတည်ဆောက်ပေး ခြင်းဖြစ်ပြီး အကျယ်(၅)ပေ၊ အရှည်(၂၄)ပေ၊ အမြင့်(၄)ပေရှိကာ နတ်ကုန်(အရှေ့ရွာ) နတ်ကန် (အနောက်ရွာ)၊ လျော်ပင်ကျေးရွာတို့ကို လွယ်လင့်တကူ သွားလာနိုင်သည့်အပြင် ကျေးရွာများရဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်စီးဆင်းမှုနှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအတွက် များစွာအကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နတ်ကန် လမ်းပေါ်ရှိ ကျေးရွာချင်းဆက် Box Culvertတံတားတစ်စင်းတည်ဆောက် ပေးခဲ့ခြင်းကြောင့် အကျိုးပြု အိမ်ခြေ(၄၅၀)၊ အကျိုးပြု လူဦးရေ(၁၄၀၉)ဦးတို့၏ လူမှုဘဝများ တိုးတက်မြင့်မားလာမည်ဖြစ်ပြီး Box Culvert တံတားတည်ဆောက်ပေးခြင်းအပေါ် ကျေးလက်နေပြည်သူများမှ ကျေးဇူးတင်ရှိနေကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)