မြဝတီမြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး

မြဝတီ စက်တင်ဘာ  ၂၇

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ  အသက် ၉  နှစ်ပြည့်ပြီး ၁၂  နှစ်မကျော်သော  မိန်းကလေးများအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို အခြေခံပညာကျောင်းများအလိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ  ဝန်ထမ်းများသည်  အခြေခံပညာအထက်တန်းကျောင်းခွဲ (အောင်မြေရွှေဘုံ)တွင် ဆက်လက် ထိုးနှံပေးသည်။

အဆိုပါကာကွယ်ဆေး  ထိုးနှံပေးခြင်းကို   မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးအေးဖြူ၏ ဦးဆောင်ကြီးကြပ်မှုဖြင့်  ကျန်းမာရေး ဝန်ထမ်းများက   သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ပတ်သက်၍ သတ်မှတ်အသက်အုပ်စုအတွင်း ဆောလျင် စွာ ထိုးနှံပေးခြင်းသည် ရောဂါကိုကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်းနှင့် သိရှိလိုက်နာရမည့်အချက်များ  ဦးစွာရှင်းလင်းပေးသည်။

​ထို့နောက် သတ်မှတ်အသက်အုပ်စုအတွင်းရှိ  Grade-1 မှ ၆ဦး၊ Grade-2 မှ ၂၈ဦး၊   Grade-3  မှ၄၀ဦး၊ Grade-4 မှ ၄၄ဦး၊ Grade-5 မှ ၁၈ဦး၊ Grade-6 မှ ၃ဦး၊ စုစုပေါင်းကျောင်းသူ ၁၃၉ ဦးတို့အား  ထိုးနှံပေးခဲ့ပြီး အလားတူကျန်ရှိသည့် အခြေခံပညာကျောင်းများတွင်လည်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)