သီပေါမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်
Sep 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အချင်းချင်းချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ စိတ်အပန်းဖြေပျော်ရွှင်စေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက်သွားလာသည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ ပုံတူပန်းချီဆွဲပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် မြန်မာစာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီ က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။