လားရှိုးမြို့ တွင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ဆင့်ပွားသင်တန်းဖွင့်လှစ်

လားရှိုး စက်တင်ဘာ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မိုးလုံလေလုံလေ့ကျင့်ရေးအားကစားရုံတွင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိနေကြောင်း သိရသည်။

သင်တန်းကို စက်တင်ဘာလ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး စက်တင်ဘာလ ၂၉ ရက်နေ့ထိ ၅ ရက်တာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ မြို့နယ်အသီးသီးမှ အားကစားမှူးများ၊ လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာမများ စုစုပေါင်း ၁၅၆ယောက် တက်ရောက်သင်ကြားလျက်ရှိနေကြောင်း သိရသည်။

သင်တန်းကို တစ်ရက်လျှင် နှစ်ချိန် သင်ကြားပေးလျက်ရှိနေပြီး နံနက် ၉ နာရီမှ၁၁နာရီအချိန်ထိ တစ်ချိန်၊ နေ့လယ် ၁နာရီမှ ၃နာရီအထိ တစ်ချိန်သင်ကြားပေးနေကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)