နမ့်စန်(တ) စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၆နာရီ က နမ့်စန်ကျေးရွာအုပ်စု၊ ထင်းရှူးမြိုင်ကျေးရွာရှိ ELEVEN FUTSAL ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးကျော်မျိုးဝင်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဌာန်ရွတ်ဆို အလေးပြုခဲ့ကြသည်။
ထို့နောက် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်မျိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်ကျော်မိုး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကိုကိုနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပြိုင်ပွဲဝင်အသင်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
ဆက်လက်၍ ဖွင့်ပွဲပထမပွဲစဉ်အဖြစ် Sayar Moung FC ဖူဆယ်ဘောလုံးအသင်းနှင့် Old Star ဖူဆယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ Sayar Moung FC အသင်းက ၁၀ ဂိုး ၃ဂိုးဖြင့် အနိုင်ရခဲ့သည်။
အဆိုပါ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၂၆ ရက်မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ကျင်းပယှဉ်ပြိုင်သွားမည်ဖြစ်ပြီး နမ့်စန်ခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပြိုင်ပွဲဝင်ဖူဆယ်အသင်း (၆)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)