သီပေါမြို့လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်

သီပေါ  စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ကာယ၊ ဉာဏစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ အချင်းချင်းချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ စိတ်အပန်းဖြေပျော်ရွှင်စေရန်နှင့် စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက်သွားလာသည့် အလေ့အကျင့်ရရှိစေရန် ရည်ရွယ်၍ ပုံတူပန်းချီဆွဲပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် မြန်မာစာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲများကို ယနေ့နံနက်()နာရီ က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နီလာစိုးက ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့ပြီးနောက် အမှတ်() အခြေခံပညာအလယ်တန်းကျောင်းခွဲမှ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူလေးများက ပုံတူပန်းချီဆွဲပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် မြန်မာစာလုံးပေါင်းသတ်ပုံအမှန်ရွေးပြိုင်ပွဲများကို အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ပြိုင်ပွဲများတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူကလေးများနှင့် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအားလုံးကို ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးနှင့်ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန္တာအေးတို့က ဆုနှင့်အမှတ်တရလက်ဆောင်များအသီးသီးပေးအပ်ခဲ့ကြကြောင်း၊ ပြိုင်ပွဲများကို အမှတ်()အခြေခံပညာအလယ်တန်းကျောင်းခွဲမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း  သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)