မိုင်းယောင်း စက်တင်ဘာ ၂၇
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ မိုးရာသီတွင် အိမ်မိုးသက်ငယ်(သက်ကယ်)များ ရောင်းအားကောင်းနေပြီး သက်ငယ်တစ်ချပ်လျှင် ငွေကျပ် ၁၀၀၀ နှင့် ဈေးကောင်းရနေသဖြင့် သက်ငယ်ပျစ်တောင်သူများ မိသားစုအပိုဝင်ငွေရကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဒေသခံတောင်သူအချို့သည် တောတောင်များတွင် သဘာဝအလျောက် အလေ့ကျပေါက်ရောက်နေသော၊ တောင်ယာခင်းများတွင် စိုက်ပျိုးထားသော သက်ငယ်များကို ဆောင်းရာသီတွင် သွားရောက်ရိတ်သိမ်းပြီး မိုးရာသီတွင် သက်ငယ်ပျစ်ရောင်းချကြောင်း၊ သက်ငယ်များကို များသောအားဖြင့် အိမ်မိုးခြင်း၊ တောင်ယာတဲ၊ လယ်တဲ စသည့် အမိုးအကာအဖြစ် အသုံးပြုကြကြောင်း၊ ယခင်နှစ်က သက်ငယ်တစ်ချပ်လျှင် ငွေကျပ် ၈၀၀ ရောင်းရကာ ယခုနှစ် ကျပ် ၁၀၀၀ ရောင်းရကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း