သတင်းများ

မဲခေါင်-လန်ချန်းစီမံကိန်းအရ ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍအတွက် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးပွဲကျင်းပ
Sep 27,2023
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ၂၀၂၁ အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် Mekong - Lancang Cooperation :Project on Promotion of the Value of the National Skills Recognition Certificate through Skills Development System ခေါင်းစဉ်ဖြင့် ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍတွင် အကျုံးဝင်သည့် အထည်ချုပ်လုပ်ငန်းအတွက် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးပွဲကို မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့ (NSSA)မှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်စက်တင်ဘာလ (၂၅) ရက်နေ့တွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပခဲ့သည်။
နွားထိုးကြီးမြို့ မြို့ရှေ့ အခြေခံပညာမူလတန်းကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Sep 27,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့၌ ကျောင်းသားလူငယ်များအသိကညာ ဗဟုသုတတိုးပွားစေပြီး နိုင်ငံတော်မှ အားကိုးအားထားပြုရမည့် သားကောင်းရတနာများ ဖြစ်ထွန်လာစေရေး ရည်ရွယ်ချက်ဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့ရှေ့အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပခဲ့သည်။
သံတောင်ကြီးဒေသထွက် ချဉ်ပေါင်ဖာလာသီးအထွက်နှုန်းကျဆင်းသည့်အတွက် ဈေကောင်းရရှိရန် မျှော်လင့်
Sep 27,2023
ကရင်ပြည်နယ်၊  သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး  ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှုအဖြစ် ဉယျာဉ်ခြံလုပ်ငန်းများဖြစ်သည့်ကွမ်းသီး၊ တညှင်း၊ ဒူးရင်း၊  ကော်ဖီ၊ မင်းကွတ် စသည်တို့ကို စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ အသက်မွေးဝမ်းမှုအဖြင့်ဖာလာစိုက်ပျိုးခြင်းလုပ်ငန်းကို    အဓိကစိုက်ပျိုးလုပ်ကိုင်ကြပြီး ချဉ်ပေါင်ဖာလာသီးများအထွက်နှုန်းလျော့နည်းသည့်အတွက်  ဈေးကောင်းရရှိရန်  မျှော်လင့်လျက်ရှိကြောင်းသိရသည်။
ဝေါလေမြိုင်မြို့၌ ကမ္ဘ့ာဆရာများနေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
Sep 27,2023
ကရင်ပြည်နယ်၊  ဝေါလေမြိုင်မြို့၌ ၂၀၂၃ခု နှစ်၊ အောက်တိုဘာ၅ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန့်နေ့မွန်းလွဲ ၁ နာရီအချိန်က  အ.ထ.က (ဝေါလေမြိုင်)ကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် လယ်ဝေးမြို့နယ် အတွင်းရှိ ပရဟိတကျောင်းများသို့ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း
Sep 27,2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအား စောင့်ရှောက်လျက်ရှိသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ရေရှည်တည်တံ့စေရေး အတွက် နိုင်ငံတော်ကိုယ်စား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့မှုများပေးနိုင်ရန်နှင့် တည်ထောင် ထားရှိသော ဂေဟာ၊ ရိပ်သာ၊ ကျောင်းများတွင် လက်ခံစောင့်ရှောက်ထားသူများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်းစနစ်ကျကျ စောင့်ရှောက်မှုများပေးနိုင်ရန်ရည်ရွယ်၍ မိမိတို့အစီအစဉ်ဖြင့် တည်ထောင်ဖွင့်လှစ်ထားသော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ၊ မသန်စွမ်းဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီးဂေဟာများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက လယ်ဝေးမြို့နယ်အတွင်းရှိ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
နိုင်ငံတကာအဆင့် Global Challenge ပြိုင်ပွဲအတွက် မီးသတ်တပ်ဖွဲ့လေ့ကျင့်
Sep 27,2023
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေဖြင့် Brave Heart Competition (Individual) နဲ့ Brave Heart Competition (Team) နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာနိုင်ငံကိုယ်စားပြု နိုင်ငံ့ဂုဏ်ဆောင် ပါ၀င်ယှဉ်ပြိုင်နိုင်ရေးကြိုးပမ်းမှု ပထမဆုံးခြေလှမ်းအဖြစ် ပြိုင်ပွဲ၀င်မည့် မီးသတ်တပ်ဖွဲ့၀င်များ၏ အရည်အသွေးစိစစ်ရွေးချယ်ပွဲကို ယမန်​နေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဝတ္ထနတောဘုရားအစုအဝေးအတွင်းရှိ ဘုရားအမှတ် ၃၅၉ ဂူ ဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်များဖူးမြော်ပြီး နံရံပန်းချီများကို လေ့လာနိုင်
Sep 27,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေး ဘုရားဖူးလာရောက်ခဲ့ပါက ဝတ္ထနတောဘုရားအစုအဝေးအတွင်းရှိ ဘုရားအမှတ် ၃၅၉ ဂူ ဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်များဖူးမြော်ပြီး၊ အလွန်ရှေးကျသည့် နံရံပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။         
သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book  Club/Youth Club များစာဖတ်ဝိုင်း ပြုလုပ်
Sep 27,2023
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန် ရည်ရွယ်၍ Book Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာတက်တိုး၏ စာဖတ်စည်းစိမ်စာအုပ်အား ယမန်နေ့နေ့လယ် ၂ နာရီအချိန်က Community  Centre ခန်းမ၌စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။