ဟုမ္မလင်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တတိယအကြိမ် ချေးငွေပေးအပ်ပွဲကျင်းပ
Sep 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် စက်တင်ဘာ (၂၇)ရက်နေ့၊နံနက် (၁၁)အချိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် တတိယအကြိမ် ချေးငွေပေးအပ်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ မြို့နယ်စီမံကိန်းကြီးကြပ်မှု ကော်မတီဝင်များနှင့် ချေးငွေလျှောက်ထားရယူသည့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။