သတင်းများ

နမ့်ဆန်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Sep 27,2023
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများကို စက်တင်ဘာလ(၂၁)ရက်နေ့မှ လကုန်ရက်များအထိ ပင်စင်စားများ အား ဆက်လက်ထုတ်ပေးလျက်ရှိသည်။
အင်းတော်မြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာရောင်းချပေး
Sep 27,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားအုန်း ဆီများကို တစ်ပိဿာလျှင် ၅၈၀၀ ကျပ်နှုန်း၊ လူတစ်ဦးလျှင် ၅၀ ကျပ်သားနှုန်းနှင့် အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက် ကုန်သည်လမ်းနှင့် သာယာ လမ်းထောင့် မြတ်မင်္ဂလာဆန်ဆိုင်တွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်မှ စတင်၍ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်၌ (၆၈)ကြိမ်မြောက် သီတင်းကျွတ်လပြည့်နေ့အတွက် အောက်ဘုရားကြီးကျောင်းတိုက်မှ  ဆွမ်းတော်ကြီးလှည့်လည် အလှူခံပွဲပြုလုပ်
Sep 27,2023
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ဘုရားကြီးကျေုးရွာအုပ်စု  အောက်ဘုရားကြီးကျေးရွာကျောင်းတိုက်၏ (၆၈)ကြိမ်မြောက် သီတင်းကျွတ်လပြည့်နေ့တွင် ဆွမ်းတော်ကြီးကပ်လှူရန် ဆွမ်းတော်ကြီးလှည့်လည်အလှူခံပွဲကို ယနေ့နံနက်အချိန်က မြို့နယ်အတွင်း လှည့်လည်ပြီး အလှူခံကြောင်းသိရသည်။
မြိတ်မြို့နယ် ဝန်ဖို့ကျေးရွာတွင် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် အခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်
Sep 27,2023
တနင်္သာရီတိုင်းဒေသကြီးမြိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးပွားရေးစီမံကိန်းဖြင့် ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းကို ယမန်နေ့က မြိတ်မြို့နယ်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ဝန်ဖို့ကျေးရွာတွင် ဖွင့်လှစ်ခဲ့သည်။
ဂွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေး
Sep 27,2023
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယမန်နေ့က သတ်မှတ်စုရပ်ကျောင်းများ၌ ကျန်းမာရေးဝန်းထမ်းများက ထိုးနှံပေးလျက်ရှိသည်။
ညောင်ဦးမြို့နယ် လက်ပံခြေပေါ်လျှပ်စစ်မြစ်ရေတင်ဖြင့် မိုးစပါး ၃၃၀ ဧကစိုက်ပြီး
Sep 27,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် လက်ပံခြေပေါ်မြစ်ရေ တင်မှပေးလွှတ်သော လက်ပံခြေပေါ်လျှပ်စစ်မြစ်ရေတင် ရေဖြင့်မိုးစပါး ဧက ၃၃၀ ဧကစိုက် ပျိုးပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီထံမှသိရသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Sep 27,2023
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူ များအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ဖလမ်းမြို့၊ ဖါရ်ထောက်ရပ်ကွက်၊ မြို့တော်ခန်းမ၌ ကျင်းပရာ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ တက်ရောက် အားပေးဂုဏ်ပြုခဲ့ကြသည်။
မြဝတီမြို့၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်ရေးရာ အသိပညာပေးခြင်းနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပေး
Sep 27,2023
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာသင်ကြားသင်ယူမှုအပြင် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များ၏ စွမ်းဆောင်ရည်အတွေးအခေါ်အယူအဆမြင့်မားစေရန်ရည်ရွယ် ချက်တို့ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၄) ရပ်ကွက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (တောရ)တွင် လူငယ်ရေးရာ  အသိပညာပေးခြင်းနှင့်  ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ ကျင်းပပေးသည်။