သတင်းများ

ကျောက်ဖြူမြို့၌  ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချ
Sep 27,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဓညဝတီရေတပ်စခန်းဌာနချုပ်မှ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား စားသောက်ရေးများအဆင်ပြေစေရန်နှင့် ၎င်းတို့လိုအပ်သည့် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်စေရန်အတွက် ယနေ့ နံနက်ပိုင်းက အလယ်ပိုင်းရပ်ကွက်ရှိ နာရီစင်ကွင်းနေရာ၌ ဝက်သား၊ ကြက်သား၊ ဘဲသားနှင့် ကြက်ဥများကို ပြင်ပပေါက်ဈေးထက်ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းတစ်ခုဖြစ်သည့် Bakery နှင့် ဖျော်ရည်အမျိုးမျိုး ပြုလုပ်ခြင်းသင်တန်း အခမဲ့ဖွင့်လှစ်
Sep 27,2023
နေပြည်တော် ပြည်ထောင်စုနယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအစီအစဥ်ဖြင့် ဖွင့်လှစ်သည့် Bakery နှင့် ဖျော်ရည်အမျိုးမျိုးပြုလုပ်ခြင်းသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရှိ လေ့ကျင့်ပျိုထောင်ရေးစင်တာ၌ ကျင်းပသည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း
Sep 27,2023
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကာကွယ်စောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများအား စောင့်ရှောက်လျက်ရှိသော စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ ရေရှည်တည်တံ့စေရေးအတွက် နိုင်ငံတော်ကိုယ်စား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့မှုများပေးနိုင်ရန်နှင့် တည်ထောင်ထားရှိသော ဂေဟာ၊ ရိပ်သာ၊ ကျောင်းများတွင် လက်ခံစောင့်ရှောက်ထားသူများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်းစနစ်ကျကျ စောင့်ရှောက်မှုများပေးနိုင်ရန် ရည်ရွယ်၍ မိမိတို့အစီအစဉ်ဖြင့် တည်ထောင်ဖွင့်လှစ်ထားသော လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာများ၊ မသန်စွမ်းဂေဟာများ၊ ဘိုးဘွားရိပ်သာများ၊ အမျိုးသမီးဂေဟာများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများအား ဘဏ္ဍာရေးနှစ်အလိုက် နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 27,2023
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က မုံရွာမြို့ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးရှိ DACA ခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူ ရေးရာ ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်း၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထား သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပျံလွန်တော်မူသွားသည့် ရသေ့တောင်မြို့နယ်ဒုံးပိုက်ကျောင်းတိုက် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ယာယီစံကျောင်း၌ အပူဇော်ခံထားရှိရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကွင်းဆင်းဆောင်ရွက်
Sep 27,2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင်ပျံလွန်တော်မူသွားသည့် ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျောင်းတိုက် ဆရာတော်ကြီး၏ ရုပ်ကလပ်တော်အား ယာယီစံကျောင်း၌ အပူဇော်ခံထားရှိရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က စေတီယင်္ဂဏကျောင်း တိုက်ရာ တော်ကြီးဘဒ္ဒန္တ ပညာသာမိအမှူးပြုသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရန် ဝန်ထမ်းများက သွားရောက်ဖူးမျှော်ကာ လိုအပ်သည်များ စီစဥ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံရေးပါတီများမှ ပါတီဝင်အင်အားစာရင်းများ မှန်ကန်မှု ရှိ/မရှိ ပူးပေါင်းစစ်ဆေးခြင်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ ပြည်နယ်ခွဲ၊ ခရိုင်နှင့်မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် နိုင်ငံရေးပါတီများတွေ့ဆုံဆွေးနွေး
Sep 27,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ပြုထားသော ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)အတွင်းရှိ နိုင်ငံရေးပါတီများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တာချီလိတ်ခရိုင်နှင့် ကျိုင်းတုံမြို့နယ်၊ တာချီလိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အားစာရင်း မှန်ကန်ပြည့်မီစေရေး ပူးပေါင်းစိစစ်ဆောင်ရွက်မှုလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများကို နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်ကိုက်ညီစွာ ဆောင်ရွက်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး(ကျိုင်းတုံ) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒေးဒရဲမြို့နယ် (Community Centre) ခန်းမ၌ ဗီဒီယိုတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်သင်ကြား
Sep 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ လူငယ်များ နည်းပညာနှင့် မီဒီယာ လုပ်ငန်းများ ပိုမိုကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်း သင်တန်းကို ယနေ့ နံနက် (၁၀)နာရီက စတင်၍ သင်ကြားပြသပေးလျက်ရှိ ကြောင်း သိရသည်။
မြိတ်မြို့ ပြည်သူ့ဆေးရုံ ဝန်ထမ်းများအား စားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး
Sep 27,2023
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြိတ်မြို့တွင် ပြည်သူလူထုများအား စားသောက်ကုန်များကို သက်သာသော ဈေးနှုန်းဖြင့် စဉ်ဆက်မပြတ်ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ပြည်သူ့ဆေးရုံဝင်း အတွင်း၌ ပြည်သူ့ဆေးရုံဝန်ထမ်းများအား စားသောက်ကုန်များကို ယနေ့ နံနက်ပိုင်းက သွားရောက်ရောင်းချပေးခဲ့ကြသည်။