ဘိုးဘေးအညာစုကျေးရွာတွင် မိုးစပါးစိုက်ပျိုးဖြစ်ထွန်းမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ဝါးခယ်မ စက်တင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဘိုးဘေးအညာစုကျေးရွာအုပ်စုတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က မိုးစပါးစိုက်ပျိုးဖြစ်ထွန်းမှုနှင့် နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံညွှန်ကြားမှုဖြင့် ကျုံမငေးမြို့ အုပ်ချုပ်ရေးမှူး ဦးဇော်မိုးနောင်နှင့်အဖွဲ့များမှ ၎င်းကျေးရွာရှိတောင်သူများအား မိုးစပါးစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမွန်စေရန် နည်းမှန်လမ်းမှန်စိုက်ပျိုးရန်၊ မိုးစပါစိုက်ပျိုးရာတွင် ရွှေခရု၊ သီးနှံဖျက်ပိုး ကာကွယ်ရန်နည်းလမ်းများနှင့် မိုးစပါရိတ်သိမ်းချိန်တွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေး‌ ကော်မတီထံအသိပေးရန်၊ ယခင်နှစ်ထက် ယခုနှစ်ပိုမိုအထွက်နှုန်းကောင်းမွန်‌ အောင်စိုက်ပျိုးကြရန်၊ နွေစပါးများကိုလည်း ဆက်လက်စိုက်ပျိုးကြရန်စသည့် အကြောင်းအရာများကိုလည်းကောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်‌ရေးရန်ပုံငွေဖြင့် ဆောင်ရွက်‌နေသော လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ နှံကား၊ ရွှေဘိုသက်ကြီး၊ ဧရာဝတီပေါ်ဆန်း၊ ဘေးကျားရင် စပါးမျိုးများစိုက်ပျိုးထားရှိပြီး ရိတ်သိမ်းရန် သက်တမ်းပြည့်မီခြင်း မရှိသေးကြောင်း၊ ပိုက်ဆံလျှော်မျိုးထုတ်ဧကပြည့်မီအောင် စိုက်ပျိုးကြရန်၊ လမ်းဘေးဝဲယာရှိ တောင်သူများအား ပိုက်ဆံလျှော်စိုက်ပျိုးကြရန်၊ ဒေသတွင်စားသုံးဆီဖူလုံစေရေး မြေပဲ၊ နေကြာဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးကြရန် အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး မိုးစပါးအပင် ဖြစ်ထွန်းမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လမ်ညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)