တောင်ကုတ်မြို့၌ e-ID စနစ်လုပ်ငန်းဆိုင်ရာ ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်း လုပ်ငန်းစတင်ဆောင်ရွက်

တောင်ကုတ်   စက်တင်ဘာ ၂၇

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်အထက် နိုင်ငံသားစိစစ်ရေး ကတ်ရှိသူများအား e-ID စနစ်လုပ်ငန်းဆိုင်ရာဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်း လုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ခန်းမတွင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ကောက်ယူရာတွင် လူဝင်မှုကြီးကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ရုံးဝန်ထမ်းများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်မှီခိုသူမိသားစုဝင်များအား  Biometric အချက်အလက်များကောက်ယူခဲ့ကြသည်။

အဆိုပါ အချက်အလက်များကောက်ယူရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့်အဖွဲ့ဝင်များက ကြည့်ရှုကြရာ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုး ကလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်း ပြောကြားခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)