ဂွ စက်တင်ဘာ ၂၇
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးခြင်းကို ယမန်နေ့က သတ်မှတ်စုရပ်ကျောင်းများ၌ ကျန်းမာရေးဝန်းထမ်းများက ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးရာတွင် ကျောင်းအခြေပြု ထိုးနှံရေးအဖြစ် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ သတ်မှတ်စုရပ် ကျောင်းများတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ (မိခင်ကလေး၊ ကျောင်းကျန်းမာ၊ အာဟာရ) ဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာအေးနှင့် ဝန်ထမ်းများက ကာကွယ်ဆေးမထိုးနှံမှီ စာရင်းများစနစ်တကျကောက်ယူခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်ပူချိန်တိုင်းတာခြင်းများဆောင်ရွက်ပြီးမှ ကာကွယ်ဆေးများကို စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်