ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်၌ (၆၈)ကြိမ်မြောက် သီတင်းကျွတ်လပြည့်နေ့အတွက် အောက်ဘုရားကြီးကျောင်းတိုက်မှ  ဆွမ်းတော်ကြီးလှည့်လည် အလှူခံပွဲပြုလုပ်

နမ့်ဆန် စက်တင်ဘာ၂၇

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ဘုရားကြီးကျေုးရွာအုပ်စု  အောက်ဘုရားကြီးကျေးရွာကျောင်းတိုက်၏ (၆၈)ကြိမ်မြောက် သီတင်းကျွတ်လပြည့်နေ့တွင် ဆွမ်းတော်ကြီးကပ်လှူရန် ဆွမ်းတော်ကြီးလှည့်လည်အလှူခံပွဲကို ယနေ့နံနက်အချိန်က မြို့နယ်အတွင်း လှည့်လည်ပြီး အလှူခံကြောင်းသိရသည်။

ထိုသို့လှည့်လှည်ရာတွင် ဘုရားကြီးကျေးရွာရှိ ဂေါ်ပကအဖွဲ့ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်ကာ သီတင်းကျွတ်လပြည့်နေ့တွင် ကျင်းပမည့် ဝါကျွတ်ပွဲတော်အတွက် မြို့ပေါ်သို့ လှည့်လည်အလှူခံလျှက်ရှိရာ ဆွမ်း၊ ဆန်စိမ်း၊  ဝတ္ထုပစ္စည်းများနှင့် အလှူငွေများကို မြို့ပေါ်ရပ်ကွက်ရှိ အလှူရှင်များက သဒ္ဒါတရားထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နမ့်ဆန်ဒေသ(ပြန်ဆက်)