အင်းတော်မြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာရောင်းချပေး

အင်းတော် စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား စားအုန်း ဆီများကို တစ်ပိဿာလျှင် ၅၈၀၀ ကျပ်နှုန်း၊ လူတစ်ဦးလျှင် ၅၀ ကျပ်သားနှုန်းနှင့် အင်းတော်မြို့ အောင်ချမ်းသာရပ်ကွက် ကုန်သည်လမ်းနှင့် သာယာ လမ်းထောင့် မြတ်မင်္ဂလာဆန်ဆိုင်တွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်မှ စတင်၍ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဒေသခံပြည်သူများအနေဖြင့် စားသုံးစရိတ်များ သက်သာစေရန်အတွက်ရည်ရွယ်၍ ပြင်ပပေါက် ဈေးနှုန်းထက်လျော့ကျသော ဈေးနှုန်းဖြင့် စားအုန်းဆီများကို ရောင်းချပေးရခြင်း ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် လွတ်လပ်စွာ ဝယ်ယူအားပေးနိုင်ပါ ကြောင်း အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖုန်ဂရိန်က ပြောပြခဲ့သည်။

အင်းတော်မြို့နယ် မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းအဖွဲ့အနေဖြင့် စားအုန်းဆီ ပိဿာ ၃၃၀ ပိဿာကို လူတစ်ဦးလျှင် ၅၀ ကျပ်သားနှုန်း၊ ဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် ၅၈၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်သီဟ