မဟာအောင်မြေ စက်တင်ဘာ ၂၉
မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အပါအဝင် အခြားရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းအသီးသီးမှ သံဃာတော်များအဆင်ပြေစွာ သတင်းသုံးတော်မူနိုင်ရန်အတွက် ဆွမ်း၊ ဆွမ်းဟင်းနှင့် အခြားလှူဖွယ်ပစ္စည်းများကို တော်သလင်းလပြည့်နေ့ နံနက်(၅)နာရီအချိန်က မဟာအောင်မြေမြို့နယ် ၃၅ လမ်း ၆၉ လမ်းထောင့်၌ သံဃာတော် (၂၅၀) ပါးအား ကြက်ဥများနှင့် ငါးခြောက်ကြော်၊ သရက်ချင်သုတ်၊ ဆပ်ပြာမှုံ၊ သင်္ကန်းဒွီစုံ ၅ စုံ၊ ငွေကျပ် (၂၅၀၀၀၀)၊ မီးအိမ်ရှင်ဆရာတော် ဦးစီး၍ စားရေးတံမဲဖောက်ပေးခြင်းများဖြင့် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဝါတွင်းကာလ သံဃာတော်အရှင်သူမြတ်များ အဆင်ပြေစေရန်အတွက် ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများဖြင့် ဘုံဆွမ်းလောင်းလှူဒါန်းမှုကို မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမင်းဦးမိသားစုနှင့် ရပ်ကွက်နေပြည်သူများစုပေါင်း၍ (၄) ကြိမ်မြောက်အဖြစ် ဘုံဆွမ်းလောင်းလှူဒါန်းခဲ့ရာ သံဃာတော်(၂၅၀)ပါးအား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ၊ ငွေသားကံစမ်းမဲများလည်း ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း