နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုး ပျဉ်းမနားမြို့ရှိ ကျောင်းများတွင် ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုအားပေး

နေပြည်တော် စက်တင်ဘာ ၂၈

နေပြည်တော်ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဇေယျာလင်းနှင့် ဦးမြင့်စိုးတို့သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၏ ဇနီးများ၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများ၊ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်  အမှတ်() အခြေခံပညာအထက်တန်းကျောင်း၌   နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ကျောင်းသူများအာ ကောက်သင်းကောက် ကာကွယ်ဆေး ထိုးနှံပေးနေမှုကို သွားရောက် ကြည့်ရှုအားပေးသည်။ 

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် အသက်()နှစ်ပြည့်ပြီး (၁၂)နှစ်ထက် မကျော်သော ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက စာရင်းသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ပျဉ်းမနားမြို့နယ် အမှတ်() အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူစုစုပေါင်း (၆၀)ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

အဆိုပါ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အသက်()နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေဖြင့် လျာထား ကျောင်းသူဦးရေ (၂၈၁၆၆)ဦးတွင် (၂၇၃၅၈)ဦးအထိ ထိုးနှံပြီးဖြစ်ရာ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ကျောင်းသူ (၈၀၈)ဦးမှ ယနေ့တွင် ပျဉ်းမနားမြို့နယ်  အမှတ်() အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ စုစုပေါင်း (၈၀)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်းနှင့်  ထိုးနှံပြီးစီးသည့်ဦးရေ လွှမ်းခြုံမှု ရာခိုင်နှုန်းအနေဖြင့် ၉၈ ရာခိုင်နှုန်းထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှသူများသည် ပျဉ်းမနားမြို့နယ်  အမှတ်() အခြေခံပညာအထက်တန်းကျောင်းဝင်း၌ ဖွင့်လှစ်ထားသည့် ပျဉ်းမနားမြို့နယ် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းသို့ ရောက်ရှိရာ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး ဘာသာရပ်များအလိုက်သင်ကြားနေမှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်များက လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်စိုက်ခင်းအား လှည့်လည်ကြည့်ရှုအားပေးပြီး ဘာသာရပ်များအလိုက် သင်ကြားနေမှုများကို စာသင်ခန်းများအား လှည့်လည်ကြည်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)