နတ်တလင်းမြို့နယ်၌ အယ်လ်နီညိုနှင့်မွေးမြူရေးအသိပညာပေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်

နတ်တလင်း စက်တင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အယ်လ်နီညိုနှင့်မွေးမြူရေး အသိပညာပေးရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကြတ်ခတ်ဝါရုံကျေးရွာအုပ်စု၊ မင်းစုကျေးရွာတွင် ပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးလှုပ်ရှားဆောင်ရွက်မှုတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာအိဝေကျော်မှ အယ်လ်နီညိုကြောင့် ထိခိုက်နစ်နာဆုံးရှုံမှု ဖြစ်ပေါ်စေနိုင်သည့်အချက်များ၊ ထိခိုက်နစ်နာဆုံးရှုံးမှုများ အနည်းဆုံးဖြစ်စေရန် မွေးမြူရေးဆောင်ရွက်သူများ ကြိုတင်ပြင်ဆင်ရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့ပြီး တိရစ္ဆာန်ကူးစက်ရောဂါအသိပညာပေး လက်ကမ်းစာစောင်များနှင့် မွေးမြူရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူးဒေါက်တာအိဝေကျော်နှင့်ဝန်ထမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးလုပ်သား (CHAW)ဝန်ထမ်းများမှ ကျေးရွာအတွင်းကွင်းဆင်း၍ ကျွဲ၊ နွား၊ ဝက် တိရစ္ဆာန်များတွင် ဖြစ်ပွားတက်သော ကူးစက်ရောဂါများကာကွယ်နိုင်ရန်အတွက် တိရစ္ဆာန်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)