သတင်းများ

မိုးကုတ်မြို့ အ.ထ.က (၃)တွင် ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း (၁၀/၂၀၂၃)နှင့် (၁၁/၂၀၂၃) ဆင်းပွဲကျင်းပ
Sep 28,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ အောင်ချမ်းသာရပ်၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် စက်တင်ဘာလ ၁၆ ရက်နေ့၊ မွန်းလွဲ (၃)နာရီအချိန်က ကြက်ခြေနီရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း (၁၀/၂၀၂၃)နှင့် (၁၁/၂၀၂၃)ဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေးသင်တန်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်
Sep 28,2023
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် ဖွင့်လှစ်ထားသည့်  စခန်းအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့်ပြန်လည်ထူထောင်ရေးသင်တန်းတွင် အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပေါက်တောမြို့ ဦးမြဝါပန်းခြံတွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
Sep 28,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒေသနေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအား အလွယ်တကူ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ယမန်နေ့ ညနေပိုင်းတွင် ပေါက်တောမြို့ အမှတ်(၃) ရပ်ကွက်ရှိ ဦးမြဝါပန်းခြံသို့ Mobile Library စနစ်ဖြင့် ကွင်းဆင်းသွားရောက်၍ စာအုပ်များ ငှားရမ်းပေးခဲ့သည်။
ဟိုပန်၌ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား စိစစ်ခြင်းနှင့်စပ်လျဉ်း၍ တွေဆုံညှိနှိုင်း အစည်းအဝေးပြုလုပ်
Sep 28,2023
နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား စိစစ်ခြင်းနှင့်စပ်လျဉ်း၍ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ မွန်လွဲ ၁ နာရီ ခွဲအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။
သပိတ်ကျင်းမြို့၌ စားသုံးဆီ ပိဿာချိန် ၁၀၀၀၀ ကို စျေးနှုန်းချိုသာစွာဖြင့် စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေးနိုင်ခဲ့
Sep 28,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ပေါ်ရှိ ရပ်ကွက်နေပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စားသုံးမှုအဆင်ပြေစေရန်ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စားသုံးဆီပိဿာချိန် ၁၀၀၀၀ ကို ပြည်သူများလက်ဝယ်အရောက် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။
မေယုတောင်တန်း၏ အနောက်ဘက် အငူမော် - မောင်တော ကားလမ်းမပေါ်ရှိ ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဒေသဖွံဖြိုးရေးကွင်းဆင်းဆောင်ရွက်
Sep 28,2023
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မေယုတောင်တန်း၏ အနောက်ဘက်ချမ်း ဘင်္ဂလားပင်လယ်အော်ကို မြင်တွေ့နိုင်သည့် အငူမော်-မောင်တော ကားလမ်းမကြီးအနီးရှိ ကျေးရွာများသို့ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပါတီဝင်အင်အားစိစစ်ခြင်းနှင့် နိုင်ငံရေးပါတီများအား တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ
Sep 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ ပါတီဝင်အင်အားစိစစ်ခြင်းနှင့်နိုင်ငံရေးပါတီများအား တွေ့ဆုံညှိုနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က မူဆယ်မြို့ ပြည်သူ့ဝန်ဆောင်မှုရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။
အ-ထ_က(ခွဲ) ပိုင်ကျုံကျောင်း၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Sep 28,2023
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ အ-ထ-က(ခွဲ) အထက်ပိုင်ကျုံကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။